ရန်ကင်း အောက်တိုဘာ ၆
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်လူနာ များထားရှိရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် Quarantine Center များကို အ.ထ.က(၁) ကျောင်းနှင့် အ.လ.က (၅) ကျောင်းတို့တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ကုသရေး ဌာနကို ရန်ကင်းပညာရေး ကောလိပ်(TTC)တွင်လည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
အဆိုပါ ဖွင့်လှစ်ထားသော Quarantine Center များတွင် ဆက်စပ်လူနာများ ထားရှိမှု ပြည့်သွားပါက ထပ်မံထားရှိနိုင်ရန်အတွက် အ.မ.က(၂)ကျောင်းနှင့် အ.မ.က(၁၃) ကျောင်း တို့အား Quarantine Center များအဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များက ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး Quarantine Center တစ်ခုအဖြစ် ဖွင့်လှစ်ရာတွင် လိုအပ်သောပစ္စည်းများ ဖြည့်စွက်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်လေး(ပြန်/ဆက်)