ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်း Rapid Diagnostic Test (RTD) ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ ပြည်နယ်၊တိုင်းခြား ဝင်ရောက်လာသော ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးသွားမည်ဖြစ်

ကျိုင်းတုံ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူစေရေးအတွက် ရှမ်းပြည်နယ် ပြည်နယ်၊ တိုင်းခြားဝင်ရောက်လာသော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ ကို Rapid Diagnostic Test (RTD) ဖြင့် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းသို့ ဝင်ရောက်လာမည့်  ပြည်နယ်ခြား၊ တိုင်းခြားမှ ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက်  ကျိုင်းတုံခရိုင်အတွင်း မိုင်းပျဉ်းမြို့နယ်အဝင်တွင် လည်းကောင်း၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းတုံမြို့နယ် အဝင်မှ လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စစ်ဆေးပေးသွားမည်ဖြစ်သည်။

ယင်းသို့ Rapid Diagnostic Test (RTD) ဖြင့် စစ်ဆေးရာတွင် ကာယကံရှင် အနေဖြင့် ကျန်းမာရေးဌာနမှ ()ပတ်အတွင်း စစ်ဆေးပြီးကြောင်း ထောက်ခံစာ ပါရှိလျှင် ထပ်မံစစ်ဆေးရန် မလိုအပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအနေဖြင့် ယခုလက်ရှိအချိန်တွင် ဒေသတွင်း ကူးစက်မှု မရှိကြောင်းကိုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရှိရသည်။

ငုချိုချိုကျော် (ပြန်/ဆက်)