သိန္နီ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက်(၆)နာရီအချိန်ခန့်က မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ခရီးသွားများနှင့်ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်ရန် သိန္နီမြို့ အဝင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် သိန္နီမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး ဦးဆောင်၍ သိန္နီမြို့နယ် မှ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Standard Operation Procedure-SOP) နှင့်အညီ စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် သိန္နီ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူ များအား မိမိတို့သက်ဆိုင်ရာမြို့များမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ ပါ/မပါနှင့် ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ကိုယ်အပူချိန်တိုင်းတာခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကုန်တင်ယာဉ်ကြီးများအနေဖြင့် သိန္နီမြို့အတွင်း (ကားပျက်သည်မှအပ) မည်သည့်အကြောင်းပြချက်နှင့်မှ ရပ်နားခြင်းမရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး စစ်ဆေးဂိတ်အား နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအထိ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပိုင်စိုး(ပြန်/ဆက်)