လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

လပွတ္တာ  အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ရှိသော ​မောင်ငယ်ကျေးရွာအုပ်စု ငမိုးရိပ်ကျေးရွာနေ ဦးပိန်အပါဝင် ၁၀ ဦးသော လူနာတို့သည် ယနေ နံနက်ပိုင်းတွင် ရောဂါသက်သာပျောက်ကင်း၍ (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့် ရရှိကြောင်းသိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူအား ကျန်းမာရေးဦးစီးဌာနမှနေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ် သွားမည်ဖြစ်ကြောင်းနှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင်​ကြရန် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက မှာကြားပေးပြီးနေအိမ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့်(ပြန်/ဆက်)