ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် (Stay at Home) ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ ပြည်သူများ သွားလာမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

တံတား အောက်တိုဘာ ၆


ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (Stay at Home) ညွှန်ကြားချက်အရ အကြောင်းမဲ့ နေအိမ်ပြင်ပသို့ သွားလာမှုမရှိစေရေး၊ အရေးပေါ်အခြေအနေ ကိစ္စရပ် မရှိပဲ မြို့နယ်ကျော်သွားလာခြင်းများ မရှိစေရေးအတွက် တံတားမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းပါဝင်၍ နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် မလိုလားအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာမှုမရှိစေရေး အတွက် စစ်ဆေးရေးဂိတ်များ ထားရှိပြီး တစ်အိမ်ထောင်လျှင် တစ်ယောက်သာ ဈေးဝယ်ခွင့်ပြုခြင်း၊ အောင်သီရိဈေးအတွင်း ရောင်းချိန်ကန့်သတ်ထား ရှိခြင်း၊ မြို့တွင်းလမ်းမများပေါ်တွင် အကြောင်းမဲ့သွား လာနေမှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ခြင်း၊ မြို့နယ်ကျော် သွားလာနေသော ကုန်စည်ပို့ဆောင်ယာဉ်များအား နယ်ကျော်ခရီးသွားလာခွင့် (QR Code Pass) စစ်ဆေးပြီးမှ ဝင်ထွက်ခွင့် ပြုခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ယခင်စည်ကားခဲ့သော လမ်းဆုံလမ်းခွများ၊ မြို့တွင်းလမ်းမကြီးများ ပေါ်တွင် အသွားအလာနည်းပါးသွားပြီး (Stay at Home) ညွှန်ကြားချက်အတိုင်း ပြည်သူများက လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်နိုင်ဝင်း(ပြန်/ဆက်)