တောင်ဥက္ကလာပမြို့နယ်ရှိ အ.မ.က (၉) အသွားအလာကန့်သတ်နေရာတွင် ထားရှိသော စောင့်ကြည့် လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ အိမ်ပြန်ခွင့်ရရှိ

တောင်ဥက္ကလာပ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း အသွားအလာ ကန့်သတ် နေရာတွင် ထားရှိသော စောင့်ကြည့်လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ ယမန်နေ့ မွန်းလွဲ(၁)နာရီက အိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။

အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း အသွားအလာကန့်သတ်နေရာတွင် စောင့်ကြည်လူနာ များ ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (Swab) ရယူစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူ (Negative) အဖြေထွက်ရှိသော စောင့်ကြည့်လူနာ ကျား-၁၄ ဦး၊ မ-၂၄ ဦးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အိမ်ပြန်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ပြန်ခွင့်ရရှိသော စောင့်ကြည့်လူနာများသည် မိမိတို့၏နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နေထက်အောင်