သီပေါမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

သီပေါ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေးကြီးနှင့် စျေးလမ်းတစ်လျှောက် ကုန်စုံဆိုင်များနှင့် ဆိုက်ကားဂိတ်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်း စာစောင်တွင် နောက်ဆုံးမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မိမိအမည်ပါရှိခြင်း ရှိ/မရှိကို မဲဆန္ဒရှင် ပြည်သူများကိုယ်တိုင် ကြည့်ရှုကြပြီး လိုအပ်ချက်များတွေ့ရှိပါက အမည်စာရင်းထည့်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို သတ်မှတ်ထားသောပုံစံများတွင် ဖြည့်စွက်၍ဆောင်ရွက်ကြရန် စသည့်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)