ကလော အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ၊ ဝက်ဖြူရေကျေးရွာအုပ်စု မိတ္ထီလာ - ကလော သွားကားလမ်း(ပြည်ထောင်စုလမ်းမကြီး)ရှိ၊ ရေယားကျေးရွာ တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ကုန်တင်ယာဉ်များ ယာဉ်မောင်း/ယာဉ်နောက်လိုက်တို့အား ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ည ၁၂ နာရီအချိန်ထိ (၂၀၃)ဦးအား စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်းမှ အခြားတိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ကုန်တင်ပို့မည့် အထွက်ယာဉ်များကို ကလောမြို့နယ်ရေယားရွာမှာ ဆေးစစ်ပေးတဲ့ဂိတ်မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT (Rapid Antigen Diagnostic Test kit)များဖြင့် စစ်ဆေးပေးလျက်ရှိရာ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က တောင်ကြီးမှ ရန်ကုန်သွား စွမ်း GROUP Express ယာဉ်လိုင်းမှ ယာဉ်မောင်း(သ)၄၄နှစ် တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ကလောမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်သို့ ပို့ဆောင်ထားရှိပြီး ယာဉ်နောက်လိုက် ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နေ (သ) ၂၁နှစ် အား ကလောမြို့၊ ဓမ္မယာနလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာသို့ ပို့ဆောင်၍ Quarantine ထားလျက်ရှိကြောင်း သိရသည်။
ပိုးတွေ့လူနာမောင်းနှင်သော စွမ်း GROUP Express ယာဉ်လိုင်းမှ မော်တော်ယာဉ်သည် ကလောမြို့နယ်ဝါးရုံပင်ကျေးရွာအုပ်စု ၊ ဝါးရုံပင်ကျေးရွာရှိ အောင်ထွန်းလင်းကားဂိတ်တွင် ပန်းများ ကုန်တင်ခြင်းပြုလုပ်လျက်ရှိသဖြင့် ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများအား Facility Quarantine ထားရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)