သုံးခွ အောက်တိုဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သုံးခွမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Quarantine Center များတွင် အသုံးပြုနိုင်ရန် အတွက် ကိုဗစ်- ၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် ၅၀ စုံ၊ သွားတိုက်ဆေး+သွားတိုက်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ ၅၀ စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်( ၅၀) စုံ၊ Surgical Gown ၅၀ ထည်၊ Face Shield ၂၀၀ ခု၊ Surgical Mask ၁၀၀၀ ခု၊ plastic Apron (၁၀၀)ခုပါ ၂ ထုပ်၊ လက်အိတ် (၁၀၀) ပါ ၂ ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀)မီလီ ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀) မီလီ ၁၀ ဘူး၊ အရက်ပြန် (၅၀၀)မီလီ ၅ ဘူး အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၉၁၄,၂၀၀ ရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်