သာကေတမြို့နယ်တွင် တာဝန်ရှိသူများမှ မြို့နယ်အတွင်း သွားလာမောင်းနှင်နေသော မော်တော်ယာဉ် များအား ယာဉ်ကြောစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်     အောက်တိုဘာ ၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး stay at home ကာလတွင် YBS ယာဉ်များမှအပ သာကေတမြို့နယ် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များအား ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိစစ်ဆေးခြင်းကို စက်တင်ဘာ(၂၇)ရက်နေ့မှစတင်၍ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါမော်တော်ယာဉ်များအား ယာဉ်ကြောစစ်ဆေးခြင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ(၃)ဦး၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့မှ(၁)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ(၅)ဦး စသည့်အဖွဲ့ များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ယနေ့ နံနက်(၉)နာရီမှ စတင်ကာ သာကေတ မြို့နယ်အတွင်း နယ်ကျော်မောင်းနှင်သော ယာဉ်များအား နယ်ကျော်ရပ်ကွက် ထောက်ခံစာ ပါ မပါ၊ ဖြတ်သန်းသွားလာရခြင်း အကြောင်းရင်း၊ သာကေတမြို့နယ် အတွင်းရှိ ယာဉ်များကိုမူ ရပ်ကွက်အတွင်း နေထိုင်သည့်ထောက်ခံစာ ပါမပါ၊ stay home ကာလ ယာဉ်မောင်းသွားလာရခြင်း အကြောင်းရင်းများအား စစ်ဆေးဆောင်ရွက်ခြင်း ကိုအရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်/ဆက်)