ခရမ်း အောက်တိုဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Quarantine Center များတွင် အသုံးပြုနိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြစ်သော မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် ၅၀ စုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ ၅၀ စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၅၀ စုံ၊ Surgical Gown ၅၀ ထည်၊ Face Shield ၂၀၀ ခု၊ Surgical Mask ၁၀၀၀ ခု၊ KN 95 mask ၅၀ ခုလက်အိတ် (၁၀၀) ပါ ၂ ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀)မီလီ ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀) မီလီ ၁၀ ဘူး၊ အရက်ပြန် (၅၀၀)မီလီ ၅ ဘူး အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၈၄၉၂၀၀ တန်ဘိုးရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)