တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ် ပြ ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး စာစောင်နှင့်ပိုစတာများ ပြ သဆောင်ရွက်

တမူး အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်များနှင့်ပိုစတာများ ပြသ ထားလျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင်"သင့်အမည် မဲဆန္ဒရှင် စာရင်း မှာ ပါ/ မပါ စစ်ဆေးပြီးပြီလား"၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ အွန်လိုင်းမှ တဆင့် မဲပေးနည်းလမ်းများ၊ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များကို လိုက်နာပါ၊သင့်၏ပတ်ဝန်းကျင်ကို ဘေးကင်းလုံခြုံစေပါ ၊ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ မဲရုံအတွင်း ဘေးကင်း လုံခြုံမှုရှိစေရန် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ဘေး ကင်းလုံခြုံသော ဆန္ဒမဲပေးမှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့်မဲရုံအဖွဲ့ဝင်များမှကူညီဆောင်ရွက်နိုင်သည့် အချက်များ စသည်တို့ ပါဝင် သည့် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး အကြောင်းအရာ များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ပြသထား ကြောင်း သိရှိရ သည်။

ကျော်သူရ(ပြန်/ဆက်)