ကျေးသီးမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

ကျေးသီး   အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်း၊ ကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီး ကျောင်းများသို့ ယနေ့ နံနက်ပိုင်း (၁၀)နာရီက ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းများထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေနှင့် ဝန်ထမ်းများတို့က မြို့ဦးကျောင်းနှင့် နှစ်မိုင်ကျောင်း သို့ ဆွမ်းဆန်တော်နှင့် စားသုံးဆီများအား ဆက်ကပ်လှူဒါန်းခဲ့ရာ ကျောင်းထိုင်ဆရာတော်များမှ လက်ခံရယူခဲ့သည်။

သဲစုပိုင်(ပြန်/ဆက်)