ကျောက်တန်းမြို့နယ်တွင် Quarantine Centre များအတွက် အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

ကျောက်တန်း အောက်တိုဘာ ၈


ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် အရ ယခုလက်ရှိအချိန်အထိ ပိုးတွေ့အတည်ပြုလူနာ(၉၉)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား Primary Contact အဖြစ် အနီးကပ် စောင့်ကြပ်ကြည့်ရှုနိုင်ရန် အတွက် Quarantine Centre (၄) ခု ထားရှိဆောင်ရွက်ထားကြောင်း သိရ သည်။
ယင်းသို့ဆောင်ရွက်ရာတွင် Community Base Faclity Quarantine Centre များတွင် ထားရှိ ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ ကျွေးမွေးစရိတ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၅)သိန်းနှင့် အခြားအသုံး အဆောင်ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ(၁၀၀)စုံ၊ N.95 (၁၀၀) ခု၊ Face Shield (၃၀) ခု၊ Mask( ၁၀) ထုပ်၊ လက်အိတ်(၂)ဘူး၊ မတ်ခွက်(၉၂)ခွက်၊ သွားတိုက်ဆေး(၂၅)ဘူး၊ ဆပ်ပြာခဲ(၂၀)ခဲ၊ ရေနွေးအိုး (၅)လုံး၊ အသိပညာပေးစာအုပ်(၁)အုပ်၊ လိမ်းဆေး(၁၇)ဘူး၊ တစ်ခါသုံး ထမင်းဘူး(၃၀၀)ဘူး၊ လက်သန့်ဆေးရည် (၁၂)လုံးပါကင် (၆၀) ဖာ၊ အရက်ပျံ(၁၂)လုံးပါကင် (၆၀) ဖာ၊ Hand Spry (၂၄) ဗူးပါကင် (၃၁) ဖာနှင့် Hand Spry (100)ml ဘူး ပါကင်(၁) ဖာ တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျောက်တန်းမြို့နယ် ပညာရေးမိသားစုမှ အလှူငွေ (၁၇၄၀၅၀၀/-)ကျပ်အား ပေးအပ် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် Quarantine Centre  (၄) ခု ဆောင်ရွက်ထားရှိပြီး အနံ့ပျောက်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လည်း ရွှေမှော်ဝန်းသာသနာ့ဗိမာန်အား ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)