လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် We Love Yangon/ We Love Hlaing Thar Yar တို့ ပူးပေါင်း၍ အချိုရည်ဘူးနှင့် ရေသန့်ဘူးများ သွားရောက် လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မြင့်မားလာသည့်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို Quarantine Center များတွင် ထားရှိခဲ့ပြီး Quarantine Center ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင်စားသောက်ရေးအတွက် ယနေ့ နံနက်ပိုင်းက We Love Yangon/ We Love Hlaing Thar Yar နှင့် အတူ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက အချိုရည်ဘူး များနှင့် ရေသန့်ဘူးများကို သွားရောက်လှူဒါန်းခဲ့သည်။