ဒေါပုံ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ Community Based Facility Quarantine Center နှင့် စတုဘုမ္မိက မဟာသတိပဌာန်မဂ္ဂင်ရိပ်သာ ကျောင်းတိုက်တို့ရှိ စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမ များမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း Community Based Facility Quarantine Center တွင် ထားရှိသည့် စောင့်ကြည့်လူနာ(၄၄)ဦးနှင့် နွယ်အေးရပ်ကွက်ရှိ စတုဘုမ္မိကမဟာသတိပဌာန် မဂ္ဂင်ရိပ်သာကျောင်းတိုက်ရှိ စောင့်ကြည့်လူနာ (၄၈) ဦးတို့ထံမှ ပထမအကြိမ် နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)