စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ကုသလျက်ရှိသည့် ကိုဗစ်-၁၉ လူနာ ၆ ဦးမှာ ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဆေးရုံဆင်းခွင့်ရရှိ

ရွှေဘို အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးကု သမှုခံယူလျက်ရှိသော  လူနာ(၆)ဦးမှာ ရောဂါပိုးမတွေ့ရှိ တော့သဖြင့်  ယနေ့တွင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက သိရသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅) ဦးမှာ ရန်ကုန် တိုင်းဒေသ ကြီးမှပြန်လာသောCase-6819၏မိသားစုများဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့က အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်(swab) နမူနာယူခဲ့ရာမှ ပိုးတွေ့ရှိခဲ့သူများဖြစ်ပြီး၊ ကျန်တစ် ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်မှ ပြန်လာသူဖြစ်ကာ စက်တင်ဘာ လ၂၅ရက်နေ့တွင်Quarantine Centre ၌ နှာခေါင်း တို့ပတ်၊အာခေါင်တို့ပတ် (Swab)နမူနာ ယူခဲ့ရာမှ ပိုးတွေ့ရှိခဲ့သူဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ခွဲ အချိန်တွင်ဆေးရုံဆင်းခွင့်ရရှိသူ (၆) ဦးအနက် ကံသာကုန်းကျေးရွာနေ (၅) ဦးကို ရွှေဘိုမြို့ REUSE လူမှု ကယ်ဆယ် ရေးအသင်းက သီးသန့် ယာဉ်များ ဖြင့်လည်းကောင်း၊ ဘူတာ(က) ရပ်ကွက်မှ(၁) ဦးကို ငြိမ်းချမ်းအောင်လူမှုကူညီ‌ရေးအသင်းမှ သီးသန့်မော်တော် ယာဉ်တို့ ဖြင့်လည်းကောင်း  ၎င်းတို့နေထိုင်ရပ် ကွက် ကျေးရွာတို့သို့ အရောက် ပို့ဆောင်ခဲ့ပြီး (Home Quarantine) တစ်ပတ်ထားသွားမည်ဖြစ်ကြောင်း၊ Home Quarantine   နေစဉ်ကာလ အတွင်း ကျန်မာရေးနှင့် အားကစားဝန်ကြီး ဌာန ကထုတ်ပြန်ထားသည့်စည်းကမ်း များနှင့် အညီ နေထိုင်သွားရန် လမ်းညွှန်ပြောကြား ထားပြီးဖြစ်ကြောင်း ရွှေဘိုခရိုင်ကုတင် ၂၀၀ ဆံ့ဆေး ရုံအုပ်ကြီးဒေါက်တာ ဒေါ်စောသက် လျာအောင် ၏ ပြောပြချက်အရ  သိရသည်။

စိုးသီဟ (ရွှေဘို)