နမ့်ဆန်၌ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်ဖြန့်ဝေ

နမ့်ဆန် အောက်တိုဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေထားသည့် သင့်အမည်မဲစာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်နှင့် အတူတကွမဲပေးကြစို့ အသိပညာပေးစာစောင်တို့ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများတို့က ရပ်ကွက်အတွင်းရှိ မိဘပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း မဖြစ်မနေမဲဆန္ဒပေးနိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာလျက်ရှိပြီး အဆိုပါ မဲစာရင်းများတွင် သင့်အမည် ပါ၊ မပါ သွားရောက်စစ်ဆေးကြည့်ကြဖို့ တိုက်တွန်းသည့်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ထုတ်ပြန်ထားသည့် သင့်အမည် မဲစာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်နှင့် အတူတကွမဲပေးကြစို့ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ စသည့် အသိပညာပေး စာစောင်များတို့ကို မြို့ပေါ်ရပ်ကွက်များနှင့် ဇယန်းကြီးကျေးရွာရှိ မိဘပြည်သူများတို့ကို အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ယခုလို ရွေးကောက်ပွဲရက်နီးလာသည့်နှင့်အမျှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူတို့အား ဖြန့်ဝေပေးသည့်အတွက် ပြည်သူများ မဲပေးရာတွင် လုံခြုံစိတ်ချစွာ မဲပေးလာနိုင်ခြင်း၊ မဲစာရင်းတွင် အမည်မပါဝင်သူများက ပုံစံ()ဖြည့်သွင်း၍ အမည်စာရင်းတင်သွင်းနိုင်ခြင်း၊ မဲပေးရာတွင် အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ ဖြစ်စေရန်အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)