မိုင်းရှူးမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ဝင်ရောက်နေသူများအား တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့

မိုင်းရှူး အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ ရှမ်းစာပေယဉ်ကျေးမှု အဆောက်အဦးနှင့် အလက-ပန်စွဲ တို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) ဝင်ရောက်နေသူများအား Myanmar Humanitarian Fund (MHF) မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသောအဖွဲ့၏ထောက်ပ့ံမှုဖြင့် မိုင်းရှူးမြို့ Relief International အဖွဲ့မှ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်၊ မြို့နယ်ကျန်းမာရေး ဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် Relief International အဖွဲ့မှ တာဝန်ရှိသူများက တစ်ကိုယ်ရည် သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ တစ်ကိုယ်ရည်သုံးပစ္စည်းများပေးအပ်ခြင်း နှင့်ပတ်သက်၍ Relief International အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Quarantine ဝင်နေစဉ် အတွင်း လိုအပ်သောအသုံးအဆောင် ပစ္စည်းများနှင့် ပတ်သက်ပြီး အဆင်ပြေစေရန် အမျိုးသား/ အမျိုးသမီးအသုံးအဆောင်ပစ္စည်း (၁၇)မျိုး ပါဝင်သောပစ္စည်းများဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုင်းရှူးမြို့နယ်၌ Facility Quarantine အဖြစ် ထားရှိသည့် ရှမ်းစာပေယဉ်ကျေးမှု အဆောက်အဦနှင့် အလက-ပန်စွဲ တို့တွင် Quarantine ဝင်ရောက်နေသူ (၁၁)ဦးရှိကြောင်းနှင့် သတ်မှတ်ရက်ပြည့်လျှင် ၎င်းတို့၏ အာခေါင်တို့ဖတ်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)