မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂) ကျောင်း Quarantine Centre အတွက် အလှူငွေများလာရောက်လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၈                           

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် စေတနာရှင်လူမှုဘဝ စောင့်ရှောက်​အသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် အ.မ.က(၁၂) ကျောင်း Quarantine Centreတွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက်အလှူငွေများကို မြို့နယ်အတွင်း ရှိပြည်သူများနှင့် အလှူရှင်များမှနေ့စဉ်လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဦးမျိုးသူဆန်း၊ ဒေါ်ခင်ခင်ငြိမ်းမိသားစုကအလှူငွေကျပ် (၁၀၀,၀၀၀)၊ဒေါ်ညွှန့်ညွှန့်သန်း(ပန်းရိုးမဖိနပ်ပစ္စည်း ရောင်းဝယ်ရေး)မိသားစုမှ အလှူငွေကျပ်(၃၀၀,၀၀၀)၊ အ.မ.က(၁၂)ကျောင်းသားဟောင်းအဖွဲ့မှ အလှူငွေ (၃၅၅,၀၀၀) တို့ကိုလာရောက်လှူဒါန်းပေးခဲ့ရာ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်း နာယက ဦးစိုးတင့်နှင့် အဖွဲ့ဝင်များကအလှူငွေများလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရရှိသည့် အလှူငွေများကို Quarantine Centre ရှိအသွားအလာကန့်သတ်နေထိုင်ကြသူများနှင့် စေတနာ့၀န်ထမ်းများအတွက်နေ့စဉ်နံနက်စာ၊နေ့လည်စာ၊ညနေစာ၊ ဖြည့်စွက်စာများချက်ပြုတ်ပေးခြင်းနှင့် ကိုဗစ်-၁၉ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)