ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဟစ်တိုင်အဖွဲ့သူအဖွဲ့သားများမှ အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း) အောက်တိုဘာ ၈


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများနှင့် ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်းခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်း ပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သောသူများ ထားရှိသည့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် နေထိုင်စားသောက်ရေးနှင့် လိုအပ် သည်များ အသုံးပြုရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဟစ်တိုင်အဖွဲ့သူ၊ အဖွဲ့သားများ စုပေါင်း၍ အလှူငွေ(၂၃၅၀၀၀၀)၊ ဆပ်ပြာအဆီဘူး ၂၀၀၊ လက်သန့်ဆေး ၈ ဘူး၊ mask ၁၇၅၀၊ face Shield (၅၀) တို့အား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ရာ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၊ မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)