မိုင်းပန်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မိုင်းပန် အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်မိုင်းပန်မြို့နယ်ဥပဒေရုံးမှဥပဒေအရာရှိ ဦးသူရဝင်း နှင့် မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်တို့မှ ဆွေးနွေးခဲ့ကြပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ လူကုန်ကူးမှုအကြောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်နေကြသည့် လုပ်ငန်းအဖွဲ့များအကြောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့အား မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်မှ အများပြည်သူ သိရှိနိုင်စေရန်အတွက် မေးမြန်းခဲ့ရာ ဥပဒေအရာရှိ ဦးသူရဝင်းမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဆန်းမြင့်(ပြန်/ဆက်)