ကျောက်တလုံးကြီး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာ ရမည့် အချက်များကို ယနေ့နံနက်၇နာရီခန့်က ကျောက်တလုံးကြီးမြို့ အောင်ဇဗ္ပူလောင်းဓမ္မာရုံနှင့် မြို့ပေါ် (၆) ရပ်ကွက်တွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ပြည်သူများအား တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ကြရန်၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက နှာခေါင်းစည်းများမပျက်မကွက်တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ အချင်းချင်းပြောဆိုဆက်ဆံရာတွင် အနည်းဆုံးခြောက်ပေအကွာမှ ပြောဆိုကြရန်၊ အရာဝတ္တုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ၊အောင်ဇဗ္ဗူလောင်းဓမ္မာရုံနှင့် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ကျောက်တလုံးကြီးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က Hand Speaker ဖြင့် မြန်မာ၊ ပအိုဝ်းဘာသာစကား(၂) မျိုးဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)