၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် မုဒုံမြို့နယ်၌ မဲရုံ(၁၀၃)ရုံ အတွက်မဲရုံ ဝန်ထမ်း (၁၉၄၇) ဦးတာဝန်ပေးအပ်လျာထား

မုဒုံ   အောက်တိုဘာ    ၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များ၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာထားပြီး ဖြစ်ရာမဲစာရင်း တွင်မိမိအမည်ပါ၊မပါပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

အဆိုပါဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့ အထိ ကပ်ထား ကြေညာသွားမည်ဖြစ်ရာမုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိ သူစုစုပေါင်း (၁၇၇၁၂၇)ဦး၊ဗမာတိုင်းရင်းသားမဲဆန္ဒရှင်ဦးရေ(၁၃၈၇၄)ဦး၊ ကရင် တိုင်းရင်းသားမဲဆန္ဒရှင်ဦးရေ (၈၆၂)ဦး၊ပအိုဝ်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ(၄၆)ဦးရှိကာ မဲရုံပေါင်း(၁၀၃)ရုံမဲဆန္ဒနယ်မြေ (၂)ခုခွဲပြီးဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊မဲရုံများအား တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများကိုလည်းမဲရုံအလိုက်ခွဲပြီးစုစုပေါင်း မဲရုံဝန်ထမ်း (၁၉၄၇)ဦးလျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)