မုံးကိုးမြို့၌ အသက်(၈၀)နှစ် နှင့် (၈၅)နှစ်ကြားရှိ အဘိုး/အဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

မုံးကိုး    အောက်တိုဘာ     ၈

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်ကြားရှိ အဘိုး/အဘွား စုစုပေါင်း(၄၆)ဦးတို့အား ‌ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ(၃)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

မုံးကိုးမြို့ရှိ  သက်ကြီးရွယ်အိုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၍ ထောက်ပံ့ငွေများကို ပေးခြင်းဖြစ်ပြီး မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အဘိုး/အဘွား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)