မြို့သစ် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း ( Book Club ) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာနတွင် Online Page မှတစ်ဆင့် စာအုပ်အညွှန်းမိတ်ဆက် အစီအစဉ် ဆောင်ရွက် ခဲ့သည်။
အဆိုပါ စာအုပ်အညွှန်းမိတ်ဆက်အစီအစဉ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင် ဆရာဦးမြင့်ကြည်မှ တိုင်းရင်းမြန်မာဆေးနည်းကျော် ကျမ်းပြုဆရာ ဦးသိန်းလွင် ရေးသားပြုစုသည့် “ အိမ်တွင်းသမားတော်ကျမ်းနှင့် လက်တွေ့ မြန်မာ့ ဆေးစွမ်း ကောင်းများ ”စာအုပ်အား စာအုပ် အညွှန်းမိတ်ဆက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဆရာဦးသိန်းလွင် ရေးသားပြုစုသည့် အိမ်တွင်းသမားတော်ကျမ်း စာအုပ်တွင် တိုင်းရင်းဆေးပညာနှင့်ပတ်သက်သည့် လက်တွေ့ကုထုံး ကုနည်းများနှင့် တိမ်မြုပ် ပျောက်ကွယ်လျှက်ရှိသော ရှေးမြန်မာသမားတော်ကြီးများ၏လက်စွဲ ၊ ထီးသုံး နန်းသုံး ဆေးနည်းမူမှန် ၊ မူကွဲများနှင့် လက်တွေ့ ဆေးနည်းပေါင်း(၁၀၀)ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့နယ်ပြည်သူ့စာကြည့်တိုက်အား ခေတ္တပိတ်ထားသည့်အတွက် စာပေချစ်မြတ်နိုးသူ ၊စာပေဝါသနာရှင်များအတွက် Online Page မှ တစ်ဆင့် စာအုပ် အညွှန်းမိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဝင်းအိဇွန် ( ပြန် / ဆက် )