ရေဖြူမြို့နယ်၌ နေရပ်ပြန် (၁၇၈၇) ဦးအား Quarantine Centre စခန်းသွင်း၍ နှာခေါင်း တို့ဖတ်/အာခေါင်တို့ဖတ်တို့ စစ်ဆေးရာ ရောဂါပိုး မတွေ့ရသေးကြောင်းသိရ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးရည်ရွယ်၍ ပြည်ပမှ နေရပ်ပြန်လာသူများနှင့် ပြည်တွင်းဒေသအသီးသီးမှ နေရပ်ပြန်သူတို့အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၀) ရက်နေ့မှစ၍ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် Quarantine Centre များဖွင့်လှစ်၍ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှု ခံယူလျက်ရှိပါသည်။