ဒေါပုံမြို့နယ် Community Based Quarantine Centre ၌ Quarantine ဝင်ရောက်သူများအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ကရေဂါလံ( ၁၆၀၀) ဂါလံ လှူဒါန်းပေး

ဒေါပုံ အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် ၊လမုတန်းရပ်ကွက်၊အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဖွင့်လှစ်ထား ရှိသောCommunity Based Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူများ ရေသုံးစွဲခြင်း အဆင်ပြေစေရန် အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က သုံးရေကိုသွား ရောက်လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။

ထို့သို့သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်အောင်ဦးမှဦးဆောင်၍ တပ်ဖွဲ့ဝင်များက  ရေဂါလံ (၁၆၀၀)ဂါလံ အား လှူဒါန်းပေးခဲကြောင်းသိရသည်။ ဒေါပုံမြို့နယ်ရှိ Community Base Quarantine Centre တွင် Quarantineဝင်​ရောက်သူ (ကျား - ၄၃ဦး၊ မ-၃၇ဦး)   စုစုပေါင်း(၇၉) ဦးရှိကြောင်းသိရသည်။

Quarantine Center တွင်ရေလိုအပ်ချက်များအတွက် နောက်ထပ်လည်း ဖြည့်ဆည်းလှူဒါန်းပေးသွား မည့်ဖြစ်ကြောင်းကို မြို့နယ်မီးသတ်ဦးစီးမှူးမှ ပြောကြားခဲ့ပါသည်။

သဲစုစုလွင်(ပြန်/ဆက်)