ရန်ကင်း အောက်တိုဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်စည်ပင် သာယာ ဝန်ထမ်းများနှင့် (၁၁)ရပ်ကွက်၊ ကံဘဲ့တာဝါဆောက်လုပ်ရေးတွင် တာဝန်ထမ်းဆောင် နေကြသော နယ်မှဝန်ထမ်းများအတွက် စားရေးသောက်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာကော်မတီအဖွဲ့ဝင်(၉) ဦးစိန်အုန်းမှ အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ လှူဒါန်းမှုတွင် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ အဖွဲ့မှ အဖွဲ့ဝင်(၉) ဦးစိန်အုန်းမှ ရန်ကင်းမြို့နယ် စည်ပင်သာယာဝန်ထမ်းများနှင့် အမှတ်(၁၁)ရပ်ကွက်၊ ကံဘဲ့တာဝါတွင် ကိုဗစ်-၁၉ ကာလ အိမ်ပြန်ခွင့်မရသော နယ်မှအလုပ်သမားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံ ဆန်၊ ဆီ စသည့် စားသောက်ကုန်များကို ယနေ့နံနက်(၁၀) နာရီက ရန်ကင်းမြို့နယ် စည်ပင်သာယာကော်မတီသို့ လှူဒါန်းပေးခဲ့ရာ မြို့နယ် စည်ပင်သာယာ ကော်မတီမှ စည်ပင်သာယာ ဝန်ထမ်းများနှင့် အလုပ်သမားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်လေး