ကျိုက်ဒုံမြို့တွင် သုသာန်ဇရပ်ပြုပြင်ရန်အတွက် ငွေကျပ်(၁၀)သိန်း မတည်လှူဒါန်း

ကျိုက်ဒုံ အောက်တိုဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများက ကျိုက်ဒုံအပိုင်ရှိ သုသာန်ဇရပ် ပြုပြင်ရန်အတွက် မတည်ငွေကျပ် (၁၀) သိန်းအား တိံဿာရာမစာသင်တိုက် တောင်ပေါ်ကျောင်းဆရာတော်ထံတွင် လှူဒါန်းခဲ့ပါသည်။

ရှေ့ဦးစွာ တောင်ပေါ်ကျောင်း ဆရာတော်ထံတွင် ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ သုသာန်ဇရပ် ပြန်လည်ပြုပြင်ရန် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မိမိဝန်ထမ်းများနှင့်အတူ ငွေကျပ် (၁၀) သိန်း မတည်ခဲ့ပြီး စုစုပေါင်းငွေကျပ် (၇၀) သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)