လှိုင် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် ရုပ်ပုံများအားရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ညနေပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရှိရသည်။
အဆိုပါ ပြဘုတ်တွင် အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက် နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန်သတင်း အချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သထိထား ကြည့်ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးသူငယ်၊ လူငယ်နှင့်လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ်ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်း အချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော၊ မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း ၊ သင်သည်မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ (အိမ်တွင် လုပ်ဆောင်နိုင်သော စမ်းသပ်ချက် လေးတစ်ခု)၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင်အတူ ကြည့်ပါ၊ ကလေးများနှင့်အတူ သ တင်းကြည့်ရာဝယ် (မေးသင့်မေးခွန်းများ) စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံ ပါရှိကြောင်း လေ့လာသိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)