ကျောက်တံတားမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်မည်

ကျောက်တံတား အောက်တိုဘာ ၉

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားသောက်ရေး အခက်အခဲရှိနေသော မိသားစုများ အဆင်ပြေစေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်းနေထိုင်ကြသော အမှန်တကယ်အခက်အခဲရှိနေသော အိမ်ထောင်စုများကိုအခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှန်တကယ်အခက်အခဲရှိသော ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် (၂) ပြည်၊ ဆီ     ၁ လီတာ၊ကြက် ဥ  ၅ လုံး၊ ခေါက်ဆွဲခြောက် (၅)ထုတ်၊ ငါးသေတ္တာ    ၃  လုံး၊ Mask ၅ ခု Hand Gel Spray (၁၀၀)ml ၁ပုလင်းတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ အောက်ပါဖုန်းနံပါတ်များသို့ ဦးနေမျိုးထက်-၀၉၇၈၉၃၃၃၆၇၈၊ ဒေါ်ကြည်ပြာ-၀၉၂၆၂၅၂၈၂၄၃၊ ဒေါ်မြလှစံ-၀၉၂၅၃၃၇၇၇၇၂ ဆက်သွယ် အလှူခံ ရယူနိုင်ကြောင်းနှင့် လှူဒါန်းလိုသူများရှိပါကလည်း မိမိတို့တတ်စွမ်းသမျှ ပါဝင် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 ရွှေနန်းမေ