မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ(၇)ဦး ဆေးရုံဆင်းခွင့်ရရှိ

မင်းလှ(အောက်) အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက် မွန်းတည့် ၁၂ နာရီက ကျန်းမာရေးကောင်းမွန်သူ(၇)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျန်းမာရေးကောင်းမွန်သူ(၇)ဦးကို ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့ နေအိမ်တွင် (၇)ကြာ နေထိုင်ရန်နှင့် ကျန်းမာရေး အသိပညာပေးစကားများ ပြောကြား ခဲ့သည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူစုစုပေါင်း(၂၄)ဦးရှိရာ (၉)ဦးဆေးရုံဆင်းခွင့်ရှိပြီး ကျန်ရှိသော (၁၅)ဦးမှာကျန်းမာရေးအထူးကောင်မွန်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်းသိရသည်။

ပေါက်စ မင်းလှ