ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန် တော်ရှိ သံဃာတော်များ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်သို့ ရေဂါလန်(၇၂၀၀)ကို ပေးဝေခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးသက်ထွန်း အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးနှင့် မီးသတ်ရေယာဉ်(၁)စီးဖြင့် သောက်သုံးရေ ရေဂါလန် (၇၂၀၀)ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(အင်းစိန်)