ချီဖွေ အောက်တိုဘာလ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံရုပ်ပုံလွှာများနှင့် ၂၀၂၀ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ဖို့ မမေ့ပါနဲ့စသည့် ပိုစတာများအား ယမန်နေ့ ညနေပိုင်းက ပြသ ထားခဲ့သည်။
UNESCO မှပေးပို့လာသော Covid -19 ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ ၌ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်း ကို သတိထား ကြည့်ပါ၊ သတင်း အချက်အလက် များက မည်သို့ ဆက်စပ်အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ၊ သတင်း၊ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနား လည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည် မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည် မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နှင့်ကျန်းမာရေး၊ မီဒီယာနှင့် သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက် လေ့လာ ရာဝယ်၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါ သလား၊ ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘော တူညီချက် တစ်ရပ်ပြုလုပ်ပါ စသည့် ခေါင်းစဉ်ပါသည့် ရုပ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာဖြစ်သည့် Covid -19 ကြောင့် သင်၏ ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံး ပါစေနဲ့၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက် များကို လိုက်နာပါ၊ သင်နှင့် သင့်ပတ်ဝန်းကျင်ကို ဘေးကင်းလုံခြုံစေပါ၊ သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ ယခုတစ်ကြိမ်က မဲဆန္ဒရှင်စာရင်းမှာ သင့်အမည်ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံး အခွင့်အရေးပဲဖြစ်ပါတယ်၊ အခုပဲ သွားရောက် စစ်ဆေးလိုက်ပါ၊ စသည့် မဲဆန္ဒရှင်များအား လှုံ့ဆော်ရေး ပိုစတာ များ ကပ်ထားကြော်ငြာ ကြောင်း သိရှိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)