မတူပီမြို့ မြို့အဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မတူပီ အောက်တိုဘာ ၁၁

ချင်းပြည်နယ်၊   မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်သော ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုအသင်းအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ် နံနက် (၇)နာရီမှ ည(၇)နာရီ ထိ စစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း ၊ ကျန်းမာရေးစစ်ဆေး ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါ  ကာကွယ်၊ထိန်းချုပ်ရေးကောမတီဝင်များက ပူးပေါင်း၍ ကျန်းမာ ရေးစစ် ဆေးပေးသည့် ဂိတ်များတွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ဌာနဆိုင်ရာများမှ အိမ်စီးယာဉ်ငယ်များ၊မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာကြသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေး ပေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ခရီး သွားပြည်သူများ၏ အချက်အလက်များကို မှတ်တမ်း ကောက်ယူခြင်း၊ ဒေသခြား ခရီးသွား ပြည်သူများအား ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ လက်ကို မကြာခဏသန့်ရှင်းဆေးကြောရန် အသိပညာပေးခြင်း၊ နှားခေါင်းစည်း( Mask) တပ်ဆင်ကြရန် အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို  နေ့စဉ် အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)