ဂန့်ဂေါ အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီသို့ မြို့နယ်ပညာရေး ဝန်ထမ်း မိသားစု နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းမိသားစုများက ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အလှူငွေများ လာရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းကြရာတွင် မြို့နယ်ပညာရေးဝန်ထမ်းများမိသားစုက ငွေကျပ် ၉ သိန်းကိုလည်းကောင်း၊ မြို့နယ်လယ်ယာ ၊ မြေစီမံခန့်ခွဲရေးနှင့်စာရင်အင်းဦးစီးဌာန ဝန်ထမ်းမိသားစုက ငွေကျပ်တစ်သိန်းကိုလည်းကောင်း တာဝန်ရှိသူများက လာရောက်လှူဒါန်းကြရာ ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရသည်။
တောင်သားမောင်သန်း