တန့်ယန်းမြို့နယ် မိုင်းပတ်စစ်ဆေးရေးဂိတ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ ပေးအပ်

တန့်ယန်း အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြရာ မိုင်းပတ်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် ခြောက်လုံးအား ယနေ့နံနက်က ထောက်ပံ့ ပေးအပ်သည်။

မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ လာရောက်သူများ၊ ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်များ အားလုံးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အဝင်/အတွက် ကြည့်ရှုစစ်ဆေးခြင်းတို့အား အထူးကြပ်မတ်ကာ ဆောင်ရွက် နေသည့် မိုင်းပါတ်ကျေးရွာဂိတ်တွင် တာဝန်ထမ်းဆောင်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များတွက်  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် ခြောက်လုံးအား မြို့နယ်ဆရာဝန်ကြီးကိုယ်စား ဒေါက်တာစိုးသန်းထိုက်မှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)