မိုးညှင်းခရိုင်ဆေးရုံကြီးမှကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့် ကျန်းမာရေးဝန်ထမ်း(၃)ဦး ဆေးရုံးဆင်း ခွင့်ရရှိ

မိုးညှင်း အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့တွင် စက်တင်ဘာလ ၁၁ရက်နေ့ ယနေ့ နံနက် (၁၀:၃၀) အချိန်တွင် မိုးညှင်းဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ သည့် ကလေးအထူးကု ဆရာဝန်တစ်ဦးအပါအဝင်ကျန်းမာရေးဝန်ထမ်း(၃)ဦးအားဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးကပြောကြားသည်။

“ဒီနေ့ဆင်းခွင့်ပေးလိုက်တာဟုတ်တယ်၊အထူးကုဆရာဝန်(၁)ဦးရယ်၊လက်ထောက်ဆရာဝန်(၁) ဦးရယ်၊ သူနာပြု ဆရာမ၁ ယောက်ရယ်အားလုံး(၃)ယောက်ဆင်းခွင့်ပေးလိုက်ပြီ၊အိမ်မှာတစ်ပတ် လောက်အသွား အလာကန့်သတ်ပြီး သီးသန့်နေရမယ်၊ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်တွေအတိုင်းပေါ့”ဟု ခရိုင်ဆေးရုံအုပ် ကြီးကပြောသည်။

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၅ဦးရှိရာ  ရောဂါပိုးကင်းစင်၍ဆေးရုံ ဆင်းခွင့်ရ ရှိသူ၆ဦးအထိရှိလာပြီး လက်ရှိမိုးညှင်းဆေးရုံကြီးတွင် ပိုးတွေ့လူနာ(၉)ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)