လှိုင်းဘွဲ အောက်တိုဘာလ ၁၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့် လက်ကမ်းစာစောင်များကို ယမန်နေ့က စည်ပင်သာယာမြို့မဈေး၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ ဦးဌေးဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးသည်များ၊ ဈေးဝယ်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask (၁၅)ဖာနှင့် အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)