မက်မွန်လောင်းကျေးရွာတွင် မီးဖိုဆောင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား

ခိုလမ်   အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ၊ ဟိုနောင်ကျေးရွာအုပ်စု ၊ မက်မွန်လောင်းကျေးရွာ လုလုံဘုန်ကြီးကျောင်းတွင် ယနေ့နံနက် ( ၂ ) နာရီ (၁၅)မိနစ် အချိန်က အဆိုပါဘုန်းကြီးကျောင်း၏ မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် ပေ(၉၀)ပတ်လည် သွပ်မိုး ၊ ပျဉ်ထောင် ၊ ပျဉ်ခင်း သာသနိက အဆောက်အအုံ (၁) လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာနေရာသို့ ခိုလမ်မြို့မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာမှ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၃)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်း (၆၀) ခန့်ဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့်  ရဟန်းသာမဏေများ၊ လူများနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ခင်လေးဝင်း(ပြန်/ဆက်)