တန့်ယန်းမြို့နယ်တွင် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

တန့်ယန်း  အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးတာဝန်များကို ဆောင်ရွက်ရန်အတွက် အထူးရဲ သင်တန်းအား အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ဖွင့်လှစ်လျှက်ရှိရာ အထူးရဲသင်တန်းသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 Antigen (RTD) Test Kit ဖြင့် ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြမည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေး ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 Antigen(RTD) Test Kitဖြင့် စစ်ဆေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တာဝန်ရှိသူတို့က ပူးပေါင်းကူညီ ခဲ့ကြပြီး စစ်ဆေးခဲ့သည့် အထူးရဲသင်တန်းသား (၉၀)ဦး နှင့် အရန် (၃)ဦး စုစုပေါင်း (၉၃)ဦးစလုံး ကိုဗစ်-၁၉ ရောဂါပိုး မရှိကြောင်း  သိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)