ရေနံချောင်းမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ဝတ်စုံများ ထောက်ပံ့

ရေနံချောင်း အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲ ကြီးတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၁၈ ဦး အတွက် မီးသတ်ဝတ်စုံများထောက်ပံ့ပေး ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ယခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကေက်ပွဲကြီးကို မဲရုံးပေါင်း ၁၅၉ ရုံဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ် နိုင်ရန်အတွက် အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၁၈ ဦးအတွက် တစ်ဦးလျှင် မီးသတ်ဝတ်စုံ  စုံစီကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး