ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ပွင့်ဖြူ    အောက်တိုဘာ   ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွာလုံးကျွတ် လျှပ်စစ်မီးလွှမ်းခြုံနိုင်ရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၂) ရွာတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရ သည်။

ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးသည့်ကျေးရွာ(၂၂)ရွာတွင် ပွင့်ဖြူမြို့နယ် မကျည်းရုံကျေးရွာ ၊ ဇေယျာမြိုင်ကျေးရွာ ၊ မဲရင်းကျေးရွာ၊ သခွပ်ကုန်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ တို့တွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ပြီး ကူကြီးကျေးရွာ၊ သံကိုင်းကျေးရွာ၊ ကြီကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ငှက်တော်ကုန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်း (တ ၊ မ ) ကျေးရွာ၊ ဆည်မုန်းကျေးရွာ၊ ကြူဝန်းကျေးရွာ၊ မကျည်းစုကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ချောင်းဆုံ (တ) ကျေးရွာတို့တွင် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် မီးလင်းပြီးကျေးရွာများဖြစ်သည့် လက်ပနွယ်ကျေးရွာ၊ စံပြကျေးရွာ ၊ ထနောင်းကုန်းကျေးရွာ၊ ကုန်းဇောင်း ကျေးရွာ ၊ ရွာသစ်(တောင်အင်း)ကျေးရွာ၊ အင်းနက်ကျေးရွာ၊ ရွာသစ်(သရက်အုပ်)ကျေးရွာ၊ ရှောက်တောကျေးရွာ၊ အုတ်တလင်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဇီးတောကွက်သစ်ကျေးရွာတို့တွင် ကျေးရွာနေပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ထပ်တိုးကျေးရွာမီးလင်း ရေးလုပ်ငန်းဆောင်ရွက်ပေးခြင်းကို ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ၊ သမော်အင်းကျေးရွာ၊ နဘဲကုန်းကျေးရွာ၊ ရွှေဘို ကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ လယ်မကျေးရွာ၊ ဖိုးပေါက်စုကျေးရွာ၊ ရှားတောကျေးရွာ၊ ရှားတောညွန့်ကျေးရွာ၊ ကံလှ ကျေးရွာ ၊ ဆည်တော်ကျေးရွာတို့တွင် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု ၊ ကျေးရွာပေါင်း (၂၀၄)ရွာရှိပြီး ကျေးရွာလုံးကျွတ် လျှပ်စစ်မီးလင်းရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဘဏ္ဍာရေးနှစ်အလိုက် ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ - ၂၀၂၀  ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးရွာပေါင်း(၂၀၄)ရှိသည့်အနက် ကျေးရွာပေါင်း(၁၆၉)ရွာအထိ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ပေးသွားနိုင်မည်၍ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးလွှမ်းခြုံနိုင်မှု ၈၃ ရာခိုင်နှုန်းအထိ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )