လမ်းမတော်မြို့နယ်တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ Mask တပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများ အား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း လှုပ်ရှားသွားလာသူများ အား Mask တပ်ဆင်သွားလာရေးအတွက် နေ့စဉ်အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက Mask တပ်ဆင်သွားလာခြင်းမရှိသူများအား ဒဏ်ပေးသည့်အနေဖြင့် Mask (၁)ခုကို (၂၀၀/-)ကျပ်နှုန်းဖြင့် ဝယ်ယူစေပြီး ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်  လမ်းမတော်(ပြန်/ဆက်)