ရေနံချောင်း အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လေးဦး မှာ ကျန်းမာရေးအခြေအနေကောင်းမွန်သည့်အတွက် ယနေ့နံနက် ၈ နာရီက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကုသကာကွယ်ထိန်းချုပ်ရေး သတင်းမှန်ပြန်ကြားရေး အဖွဲ့က သိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရလူနာ လေးဦးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်သည့် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာစာရင်းတွင်ပါရှိခဲ့သည့် သပွတ်စုကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးနှင့် လွန်ပင်လျှို ကျေးရွာမှ အမျိုးသား တစ်ဦးတို့ ဖြစ်သည်။ ယခုအခါ လူနာများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်သည့်အတွက် မြို့နယ်ဆရာ ဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက် ခြင်းဖြစ်ပြီး Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်သည်။
ရေနံချောင်းမြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၂၄ ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်း ခွင့်ရ လူနာ ၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး