ကရသူရိ အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး စာစောင်များကိုယနေ့ နံနက်က ၁၀နာရီက ပြသဆောင်ရွက်ထားသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များတွင် မကြခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ အတူတကွ မဲပေးကြစို့၊ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ Online ကနေ စစ်ဆေးလိုက်ပါစသည့် နံရံကပ်ပိုစတာများနှင့်အသိပညာပေးလက်ကမ်း စာစောင်များ ကိုပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်းသိရသည်။
စိုးဝင်း(ပြန်/ဆက်)