ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများပြသခြင်း ဆောင်ရွက်

ခေါဇာ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့နံနက်ပိုင်း ကစ၍ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များ၊ ထင်မြင်ယူဆ ချက်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ အသိပညာပေးရုပ်ပုံများကို အများပြည်သူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ခင်း ကျင်းပြသထားကြောင်း သိရသည်။

ညီညီချမ်း(ပြန်/ဆက်)