ကွန်ဟိန်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၄၄)ဦးနှင့် သင်တန်းနည်းပြများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit ဖြင့် စစ်ဆေး

ကွန်ဟိန်း အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၄၄)ဦးနှင့် သင်တန်းနည်းပြ (၂)ဦးတို့အား (RDT)Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယနေ့နံနက် (၉)နာရီအချိန်ခန့် က မြို့နယ်ရဲစခန်းဝင်း အတွင်း၌ စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို ပြည်သူ့ဆေးရုံ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင် ဦးဆောင် သော ကျန်းမာရေးဝန်ထမ်းအဖွဲ့များမှ  RDT Test Kit များဖြင့် စနစ်တကျ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အထူးရဲသင်တန်းသား (၄၄) ဦးနှင့် သင်တန်းနည်းပြ (၂)ဦး စုစုပေါင်း (၄၆)ဦး တို့တွင်  ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (negative) ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)