အမရပူရ အောက်တိုဘာ ၁၂
အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု အတွင်းရှိ လက်လုပ်လက်စား အခြေခံ အိမ်ထောင်စုများအား အခြေခံစောက်သောက်ကုန်ပေးအပ်ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ထန်းတောကျေးရွာ အလှူရှင်၏ နေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်
တောင်သမန်ကျေးရွာအုပ်စုတွင် တောင်သမန်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ဆီမီးထွန်းကျေးရွာ ၊အိုးဖိုကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရန် Stay At Home အဖြစ်သတ်မှတ်ထားသောကြောင့် နေ့စားအလုပ်သမား အခြေခံ အိမ်ထောင်စုများကို စားဝတ်နေရေး အထောက်ကူဖြစ်စေရန် ရည်ရွယ်၍ အခြေခံစား သောက်ကုန် ဆန်(၁)ပြည်၊ဆီ(၅၀)သား ၊ကြက်သွန်နီ (၁)ပိဿ ၊ ဆား(၅၀)သား၊ အသားတု (၁)ပြည်၊ ကြက်ဥ(၁၀)လုံး၊မာမား ခေါက်ဆွဲခြောက် (၁)ထုပ် တို့ကို အိမ်ထောင်စု တိုင်းထောက်ပံ့ပေးရာ အလှူရှင် ထန်းတောကျေးရွာနေ ဦးထွန်းထွန်းဦး၊ ဒေါ်လှလှဌေး မိသားစုတို့မှအိမ်ထောင်စုအလိုက် ထောက်ပံ့ပေး အပ်ခဲ့ကြသည်။ အဆိုပါအလှူရှင်သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့ ထန်းတောကျေးရွာနေ အိမ်ထောင်စု (၂၅၀)ဉီးကို(၂)ရက်ခွဲ၍လည်းကောင်း ပေးအပ်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ကျေးရွာ (၃)ရွာရှိ အိမ်ထောင်စုပေါင်း (၃၀၀)ကျော်ကိုလည်း ရက်များခွဲ၍ ဆက်လက် ထောက်ပံ့ပေး အပ်မည်ဖြစ်သည်။ အလှူရှင်မိသားစုသည် တောင်သမန်ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု (၆၀၀)ကျော်ကို ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။
ဟိန်းထက်(အမရ)